Tuesday, October 6, 2015
ဒီ​နေ့​တော့ ​ရင်​ထဲသိပ်​မ​ကောင်းဘူး
    ❀ တကယ့်​...အိပ်​မက်​ ❀
အိပ်​မက်​ မက်​ခဲ့တာပါ
တကယ်​ကို ညစဉ်​မက်​ခဲ့တာ
အဲ့အိပ်​မက်​က.. .
တချိန်​မှာ တကယ်​ဖြစ်​လာမယ့်
မျှော်​လင့်​ချက်​အိပ်​မက်
ရည်​ရွယ်​ချက်​ အိပ်​မက်​...
အဲ့အိပ်​မက်​က
မနက်​ဖြန်​​တွေမှာ ငါရှူ ရှိုက်​မယ့်
ငါ့ရဲ့အသက်​....
ငါရှုးသွပ်​ခဲ့တာပါ
တကယ်​ကို ငါရှုးသွပ်​ခဲ့တာ...
အိပ်​မက်​မှန်​ရင်​ လူတိုင်းလန့်​နိုးခဲ့ရတယ်​...
အခုငါလဲ  လန့်​နိုးခဲ့ပြီ
ဘယ်​မှာလဲ ငါ့အိပ်​မက်​​တွေ
ဘယ်​မှာလဲ ငါ့​မျှော်​လင့်​ချက်​​တွေ
ဘယ်​မှာလဲ ငါ့ရည်​ရွယ်​ချက်​​တွေ
ဘယ်​မှာလဲ..ကွာ
ငါရှူ ရှိုက်​မယ့်​..
ငါ့ရဲ့အသက်​..
Friday, October 2, 2015
အမှတ်​တရ က​ဗျာ​လေး ❀ သူ​ပျော်​ပါ​စေ ❀
        💘 သူ​ပျော်​ပါ​စေ 💘
      ✏ ✏ ✏ ✏ ✏ ✏
💙 ချစ်​သူ....
      ငါ​ပျော်​ဖို့တစ်​ခု အတွက်​နဲ့
      မင်းရဲ့စိတ်​​တွေ မချုပ်​​နှောင်​ထားပါနဲ့
      လွတ်​လွတ်​လပ်​လပ်​ ရှိပါ​စေ....
💙 မင်းက ငါ့ဘဝပါ
      မင်းစိတ်​​တွေ မလွတ်​လပ်​သ​ရွေ့
      ငါအ​နေခက်​တယ်
      မင်းမျက်​နှာငြိုး​နေရင်
      ငါမွန်းကြပ်​တယ်​....
💙 ငါတို့ အဆင်​​ပြေ​နေဖို့
      မင်းစိတ်​​တွေ ချုပ်​​နှောင်​ထားသမျှ
      စစ်​မှန်​တဲ့ ​ပျော်​ရွင်​ခြင်း​တွေ
      မင်းဘယ်​ရနိုင်​မလဲ....
💙 တကယ်​ပါ....
      ငါ​ပျော်​​နေပြီးသားပါ
      လွတ်​လွတ်​လပ်​လပ်​ ရှိပါ​စေ....
                          လမ်းပြကြယ်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ရင်​ထဲက က​ဗျာ​လေး​တစ်​ပုဒ်
    ❀ အချစ်​နတ်​ ❀
  ➳ ➳ ➳ ➳ ➳ ➳
အချစ်​နတ်​ကို ပုန်​ကန်​သူ
အထီးကျန်​ မဟူရာ​ထောင်​ထဲမှာ
အလွမ်းဆိုတဲ့ ပုစ္ဆာနဲ့
ပေးဆပ်​ခြင်းဆိုတဲ့ ဒဏ်​​ပေးလိုက်​​လေသလား
မ​ရေရာ မ​သေချာခြင်း​တွေနဲ့
ကိုယ့်​ဘဝမှာ မနက်​ဖြန်​တိုင်းဟာ
ဘာအတွက်​......
အသက်​မဲ့​နေရတာလဲ......?
                  လမ်းပြကြယ်