Wednesday, April 20, 2016
Friday, April 15, 2016
ချစ်သူအတွက်
အဖော်မဲ့အလွမ်း
အဖော်မဲ့နေတာချင်း အတူတူ
ဥသြငှက်ရဲ့ ချစ်သူပျောက်လွမ်းတေး အသံသာသာလေးလဲ
ငါနားမလည်ပေးနိုင်ဘူး
ဒီကမ္ဘာမှာ
ငါ့လို အထီးကျန်ဘ၀နဲ့
အကျည်းတန်စွာ လွမ်းနေရတာ
ဘယ်သူရှိမလဲ
ကြယ်ကြွေတာလဲငါမသိဘူး
ပန်းတွေကြွေတာလဲငါမသိဘူး
ငါသိတာ
ငါမျက်ရည်ဝဲနေတယ်
ကဗျာမိုးတိမ်
ချစ်သူအတွက်
❀ ချစ်သူ သို့ ❀
✏ ✏ ✏ ✏ ✏
မင်းဘယ်လောက်ပဲ
ရက်စက်ရက်စက်
ချစ်ခဲ့ဖူးတာ သတိရရင်
အသည်းတစ်ခြမ်းတော့
ချမ်းသာပေးပါ
ကမ္ဘာမီးလောင်တဲ့အခါ
မင်းခြေဖ၀ါးနုနု
သွေးချည်မဥရအောင်
ချနင်းနိုင်ဖို့ ငါထိန်းသိမ်းရင်း
နှလုံးသွေးမခမ်းသရွှေ့
ချစ်နေမယ်...
ကမ္ဘာကြီးက လုံးဝန်းတာမှန်ခဲ့ရင်
ဆန့်ကျင်ဘက်အရပ်
ကျောကိုင်းထွက်သွားတဲ့ မင်းနဲ့ပြန်ဆုံဖို့ ငါဒီနေရာကစောင့်နေမယ်
ဝေးချင်သလောက်ဝေးသွားပါစေ
ကမ္ဘာကြီး မပျက်သရွေ့
ငါယုံကြည်မှု အပြည့်နဲ့
မျှော်လင့်နေမယ်
ကမ္ဘာတစ်ပတ်ပြည့်ရင်တော့
မင်း ငါ့ရှေ့ပြန်ရောက်လာမှာပါ
ကဗျာမိုးတိမ်