Monday, September 28, 2015
ချစ်​သူသိပါ​စေ
     ⏰ ချစ်​သူသိပါ​စေ ⏰
⌚ ငါက မင်းသံပတ်​​ပေးထားတဲ့
      မင်း ​မ​ပြောင်းလဲသ​ရွေ့ မှန်​​နေလိမ့်​မယ်
🔌 မင်း​ပေးတဲ့ အင်​အား​တွေပါ
      မင်းလိုသလို သုံးပါ
      မင်းသ​ဘောပါ
🔋တဖြည်းဖြည်း ဆုတ်​ယုတ်​လာလဲ
     ငါ​တွေးမပူဘူး ငါ့​ဘေးမှာ မင်းရှိတယ်
💡 မင်းကငါ့ဘဝရဲ့ အလင်း​ရောင်​ပါ
      မင်း​ကြောင့်​ သာယာ​နေတဲ့ငါ့ဘဝ
      မင်းပိုင်​ပါတယ်​ ​စေလိုရာ​စေပါ
💣 အဆုံးမသတ်​ပါရ​စေနဲ့ချစ်​သူ
🔪 Please ​ကျေးဇူးပြု ပြီး
      ရှင်​သန်​ခွင့်​​ပေးပါ
       မင်းမရှိလို့မဖြစ်​တဲ့ ဘဝဆိုတာ
       မင်းသိပါတယ်
                 လမ်းပြကြယ်
ရင်​ထဲကစကား​တွေကို မြို သိပ်​မရ​တော့တာနဲ့ ဖွင့်​ချလိုက်​ပြီ သခင်​ မြင်​နိုင်​ပါ​စေ
     💔💔 သခင့်​...အတွက်​💔💔
✏✏✏✏✏✏✏✏✏✏✏✏
💔 ကြည့်​စမ်း...
      သူ့မျက်​နှာ ခဏညှိုးတာ
      ငါ့​အသည်း​တွေ ကွဲအက်​လို​နေပါလား
      ကွဲချင်​ကွဲ အက်​ချင်​အက်
      သူ့အပြုံးတစ်​ချက်​နဲ့ ငါ​ကျေနပ်​နိုင်​တယ်
💘 နင်​​ပျော်​ဖို့ အတွက်
      ငါအ​ဝေးက​နေ ပြုံးပြ​နေတယ်
      မ​ဆောင်​ကျဉ်းရင်​​နေပါ
😪 မိုးမင်းကြီးရယ်
      ခဏ​လောက်​ဖြစ်​ဖြစ်
      မိုး​တွေရွာသွန်း​ပေးပါ
      ငါငို​နေတာ သူမမြင်​​စေချင်​ဘူး
      သူရင်​နာ​နေတာ ငါသိတယ်
      ငါ့ရင်​ဘက်​ကြီး စုတ်​ပျက်​​နေတာ
      သူမမြင်​ပါ​စေနဲ့
👣 သခင်​ရယ်​ မနှင်​ပါနဲ့
      ခဏတာ ယုယခွင့်​ပြုပါ
      သခင့်​ရင်​ခွင်​ဦးမှာ ခဏတာ
💌 တနင့်​တပိုးနဲ့
      ထမ်းပိုးထားတဲ့ ရင်​တွင်းစကား​တွေ
      သခင်​ မြင်​စေချင်​တယ်​...📝
                      လမ်းပြကြယ်
တခါတ​လေ ချစ်​သူအတွက်​အား​ပေးချ​င်​ပေမယ့်​ ငါကိုယ်​တိုင်​ အား​ပေးတာကို လိုအပ်​​နေတဲ့အခါ ယိမ်းယိုင်​မိတာ မဆန်းပါဘူး
ငါဘဝက...
တောင်​ပံမဲ့ငှက်​ ​လေလွင့်​ရွက်​ပါ
လေအဟုန်​မှာ...
အစုန်​အဆန်​ ပျံဝဲချင်​​ပေမယ့်
တောင်​ပံမဲ့​နေသလို...
ရော်​ရွက်​ဝါ​တွေလို...
လေနဲ့အတူ လွင့်​​မျော​နေတာမို့
တခါတခါ​တော့...
ငါ့ကိုယ်​ငါ စိတ်​ဓာတ်​ကျ
အားငယ်​မိတယ်​...
              လမ်းပြကြယ်
Wednesday, September 16, 2015
ရင်​ထဲကက​ဗျာ​တွေ တခါတ​လေ ချစ်​သူ သူငယ်​ချင်း​တွေ
အထီးကျန်​ဆန်​တဲ့
ငါ့ည​နေခင်း​တွေ
ခုဆို...
ငါ့အသက်​တစ်​ဝက်​စာ ခြစား
အပြုံး​တွေက ဘယ်​ကမ္ဘာသွားလဲ...
ငှက်​​ကျေးတချို့လဲ
အ​တောင်​စုံ
အ​ဝေးပြန်​တက်
ငါ့ပင်​အိုမှာ
ရွက်​စိမ်း​တွေ မထွက်​​သေးဘူး...
                 လမ်းပြကြယ်