Monday, September 28, 2015
ရင်​ထဲကစကား​တွေကို မြို သိပ်​မရ​တော့တာနဲ့ ဖွင့်​ချလိုက်​ပြီ သခင်​ မြင်​နိုင်​ပါ​စေ
     💔💔 သခင့်​...အတွက်​💔💔
✏✏✏✏✏✏✏✏✏✏✏✏
💔 ကြည့်​စမ်း...
      သူ့မျက်​နှာ ခဏညှိုးတာ
      ငါ့​အသည်း​တွေ ကွဲအက်​လို​နေပါလား
      ကွဲချင်​ကွဲ အက်​ချင်​အက်
      သူ့အပြုံးတစ်​ချက်​နဲ့ ငါ​ကျေနပ်​နိုင်​တယ်
💘 နင်​​ပျော်​ဖို့ အတွက်
      ငါအ​ဝေးက​နေ ပြုံးပြ​နေတယ်
      မ​ဆောင်​ကျဉ်းရင်​​နေပါ
😪 မိုးမင်းကြီးရယ်
      ခဏ​လောက်​ဖြစ်​ဖြစ်
      မိုး​တွေရွာသွန်း​ပေးပါ
      ငါငို​နေတာ သူမမြင်​​စေချင်​ဘူး
      သူရင်​နာ​နေတာ ငါသိတယ်
      ငါ့ရင်​ဘက်​ကြီး စုတ်​ပျက်​​နေတာ
      သူမမြင်​ပါ​စေနဲ့
👣 သခင်​ရယ်​ မနှင်​ပါနဲ့
      ခဏတာ ယုယခွင့်​ပြုပါ
      သခင့်​ရင်​ခွင်​ဦးမှာ ခဏတာ
💌 တနင့်​တပိုးနဲ့
      ထမ်းပိုးထားတဲ့ ရင်​တွင်းစကား​တွေ
      သခင်​ မြင်​စေချင်​တယ်​...📝
                      လမ်းပြကြယ်
No comments:
Post a Comment