မွေးဌာနေမှ ချစ်သောသူငယ်ချင်းသို့...
" ငါမျှော်နေတယ်.."
သူငယ်ချင်း....
တို့အတိတ်ရဲ့..ဒီလိုရက်
ဘုရားအတူတူတက်
ပန်းရေချမ်းတော့ ကပ်ဖူးတယ်...
လောကကိုမေ့လို့
စစ်တုရင်အတူတူထိုး
တို့..ဖိနပ်တွေလဲ လူခိုးဖူးတယ်..
ဆိုင်ကယ်တစ်စီးနဲ့မြို့ပတ်
ဖန်စီဆိုင်ရှေ့ရပ်လို့
အမှတ်တရတွေ အပြန်အလှန်ပေး
သောကတွေလဲ..
ဝေးဖူးတယ်...
အခုတော့..သူငယ်ချင်း
မင်းဘယ်ရောက်နေလဲ...
"အလုပ်တွေများနေတယ်"ဆိုတဲ့စကားဟာ
မင်းမွေးနေ့တိုင်း
ငါကြိတ်မှိတ်မြိုသိပ်
ကျော်ဖြတ်ခဲ့တာပါ..
ဒီနေ့..ငါ့မွေးနေ့လေ
မင်းအလုပ်များတွေနေလား....
ဘုရားပေါ် အတူတူတက်
ပန်းရေချမ်းတွေ မကပ်ပေမယ့်
ဖုန်းတော့ဆက်လို့ရတယ်မှတ်လား...
ငါဖုန်းမျှော်နေတယ်သူငယ်ချင်း...
(Happy Birthday)
ကဗျာမိုးတိမ်(ရွှေကျင်)
No comments:
Post a Comment