❆ သူငယ်ချင်း...အတွက် ❆
°°°°°°°°°°°°°°°°°°°°°°°
📝သို့...သူငယ်ချင်း
လဲရင်ပြန်ထ ဒါဘဝတဲ့
လူရယ်လို့ ဖြစ်လာခဲ့ပြီပဲ
အမှားနဲ့တော့ ဘယ်ကင်းမလဲ
မှားမှာကိုကြောက်လို့ ငြိမ်နေမှာလား
ဒါဆိုရင်တော့..
မင်းဘယ်တော့မှ မမှားပေမယ့်
ဘယ်တော့မှ မအောင်မြင်ဘူး
သဘာဝက နောင်တတွေကို
လက်ဆောင်ပေးလိမ့်မယ်..။
📝သို့...သူငယ်ချင်း
ရှေ့လျှောက်မယ့် မင်းခြေထောက်
ဘာလို့နောက်ပြန်ခေါက်ချင်နေလဲ...
အတိတ်ဆိုတာ ပြီးခဲ့ပြီပဲ
သင်ခန်းစာ တချို့ရရင်ကျေနပ်ပေါ့
📝မနေ့ကရေးထိုးခဲ့တဲ့ အတိတ်ဆိုတဲ့
မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
ဒီနေ့ရေးထိုးတဲ့ ပစ္စုန်ပ္ပန်ဆိုတဲ့
မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
အနာဂတ်ဆိုတဲ့ မနက်ဖြန်တွေမှာ
မင်းရေးထိုးမယ့် မှတ်စုလေး
အပြစ်ကင်းစင်နေဖို့တော့
ဒီအချိန်ကစပြီး.....
အချိန်တိုင်း......အချိန်တိုင်း
မင်း...လူကောင်းဖြစ်နေရမယ်....
မဒမမြေမှ သူငယ်ချင်းသို့
ကဗျာမိုးတိမ်(ရွှေကျင်)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
No comments:
Post a Comment