Friday, February 26, 2016
မဒမ​မြေမှ..သူငယ်​ချင်းအတွက်
❆ သူငယ်ချင်း...အတွက် ❆
           °°°°°°°°°°°°°°°°°°°°°°°
  📝သို့...သူငယ်ချင်း
       လဲရင်ပြန်ထ  ဒါဘဝတဲ့
       လူရယ်လို့ ဖြစ်လာခဲ့ပြီပဲ
       အမှားနဲ့တော့ ဘယ်ကင်းမလဲ
       မှားမှာကိုကြောက်လို့ ငြိမ်နေမှာလား
       ဒါဆိုရင်တော့..
       မင်းဘယ်တော့မှ မမှားပေမယ့်
       ဘယ်တော့မှ မအောင်မြင်ဘူး
       သဘာဝက နောင်တတွေကို
       လက်ဆောင်ပေးလိမ့်မယ်..။
  📝သို့...သူငယ်ချင်း
       ရှေ့လျှောက်မယ့် မင်းခြေထောက်
       ဘာလို့နောက်ပြန်ခေါက်ချင်နေလဲ...
       အတိတ်ဆိုတာ ပြီးခဲ့ပြီပဲ
       သင်ခန်းစာ တချို့ရရင်ကျေနပ်ပေါ့
  📝မနေ့ကရေးထိုးခဲ့တဲ့ အတိတ်ဆိုတဲ့
       မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
       ဒီနေ့ရေးထိုးတဲ့ ပစ္စုန်ပ္ပန်ဆိုတဲ့
       မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
       အနာဂတ်ဆိုတဲ့ မနက်ဖြန်တွေမှာ
       မင်းရေးထိုးမယ့် မှတ်စုလေး
       အပြစ်ကင်းစင်နေဖို့တော့
       ဒီအချိန်ကစပြီး.....
       အချိန်တိုင်း......အချိန်တိုင်း
       မင်း...လူကောင်းဖြစ်နေရမယ်....
                        မဒမမြေမှ သူငယ်ချင်းသို့
                             ကဗျာမိုးတိမ်(ရွှေကျင်)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
က​ဗျာအ​ဟောင်း​လေးပါ...
           ❀​ဝေးလက်​စနဲ့ ​ဝေးပါ​စေ❀
           ~~~~~~~~~~~~~
👣 ​ဝေး​နေပြီပဲ
      မချစ်​ချင်​​နေပါ​စေ အမုန်းမခံနိုင်​ဘူး
      မင်းနဲ့အ​ဝေးဆုံးဆိုတဲ့ ​နေရာ
      ငါရှာ​ဖွေ​တော့မယ်​...။
💔 စကားလုံး​တွေနဲ့ ငြင်းခုန်​​နေတဲ့ဘဝ
      သံသယဆိုတဲ့ စကား​လေးက
      အကြင်​နာကို ဖျက်​စီးတယ်​ ။
💓 ပျက်​စီးလွယ်​တဲ့
      ဒီ​ခေတ်​ရဲ့ ဒီအချစ်​မှာ
      ခါ​တော်​မီ လွမ်းနိုင်​ဖို့
      အသည်းတစ်​ခြမ်းစာ ​နေရာ​လေး​တောင်
      မချန်​ရစ်​မိ​​လေ​တော့.......။
💘 မင်းအ​ရှေ့ ငါဒူး​ထောက်​​နေတာဟာ
      မင်းကိုအရှုံး​ပေးတာ မထင်​နဲ့
      မင်းကိုချစ်​တဲ့ ငါ့အချစ်​​တွေကို
      ငါရှုံးသွားလို့ .။
💌သံသယ​​စိတ်​​ရေ..
      မင်းကစတဲ့ ငါ့နှလုံးသားရဲ့
      ဒီနှစ်​​ဆောင်းမသိ​အောင်
      တိတ်​တဆိတ်​ ကျင်းပမယ်
      အသည်းကွဲသူတိုင်း ဖိတ်​ခဲ့တယ်
      သံသယစိတ်​နဲ့​တော့ မလာခဲ့နဲ့
      အကြင်​နာ​တွေ ပျက်​စီးလိမ့်​မယ်​။
                      က​ဗျာမိုးတိမ်
Tuesday, February 23, 2016
ငါ့ကိုဘယ်​အချိန်​ထိချစ်​မှာ.....
ညနေခင်းလေးတစ်ခု… လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။
“ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!
” ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။ “ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်” ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။
မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်”တစ်”ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ “တစ်သက်လုံး! ” လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။
“နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ… ပြန်စဉ်းစားကြည့်ပါအုန်း” ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း “ဒီလိုဆိုရင် တစ်ရက်လား?” “ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ” ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း ” တခဏတော့ မဟုတ်ရပါဘူးနော်” လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။
ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။ “ဒီလိုဆိုရင် တစ်နှစ်လား?” ကောင်လေး ခေါင်းခါပြလိုက်တယ်။ “ဒီလိုဆိုရင် နှစ်တစ်ရာကွာ… ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ” ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။ “နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး” ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။
ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။ “အဖြေကို သိချင်ပြီလား?” ကောင်လေး ဖြေချင်နေပြီ။ “ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?” ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက
လက်တစ်ချောင်းထောင်ပြရင်း “နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်….”
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။
Credit: ကိုဇော်လေး
Tuesday, February 16, 2016
ဥ​ပေက္ခာရှင်​.....သို့
       ❀  ဥ​ပေက္ခာရှင်​..သို့ ❀
        •••••••••••••••••••••••••
ဟုတ်​တယ်​...
မင်းတို့အမြင်​မှာ ဒါဟာမျက်​ရည်​​တွေပဲ​လေ
ငါ့ရင်​မှာ ​သွေးစိမ်းရှင်​ရှင်​ကျ​နေတာ
ဘယ်​သူမြင်​မှာတဲ့..လဲ...။
ဟုတ်​တယ်​...
မင်းတို့အမြင်​မှာ ငါပြုံး​နေတယ်​​လေ
ငါ့ရင်​မှာ တစစ်​စစ်​နာကျင်​​နေတာ
ဘယ်​သူမြင်​မှာတဲ့..လဲ...။
အက်​ရှင်​ရှိရင်
ရီအက်​ရှင်​ရှိတယ်​တဲ့
သက်​​ရောက်​မှုတိုင်းမှာ
တန်​ပြန်​သက်​​ရောက်​မှုရှိတယ်​...။
အမှားအမှန်​ရှိသလို
အသွားအပြန်​သာ ရှိခဲ့ရင်
ငါ့ရဲ့တစ်​ဖက်​သတ်​ဆိုတဲ့ ဒီအချစ်​မှာ
မျက်​ရည်​ဆိုတာ...
ရှိခဲ့မယ်​ မထင်​ဘူး...။
ငိုပစ်​လိုက်​စမ်းပါ...
အဲ့ဒီဥ​ပေက္ခာတရား​တွေကို ရင်​ဆိုင်​ဖို့
ငါ့အချစ်​​တွေ မကုန်​ခမ်း​သေးဘူး...။
                      က​ဗျာမိုးတိမ်​(​ရွှေကျင်​)