❀ ဥပေက္ခာရှင်..သို့ ❀
•••••••••••••••••••••••••
ဟုတ်တယ်...
မင်းတို့အမြင်မှာ ဒါဟာမျက်ရည်တွေပဲလေ
ငါ့ရင်မှာ သွေးစိမ်းရှင်ရှင်ကျနေတာ
ဘယ်သူမြင်မှာတဲ့..လဲ...။
ဟုတ်တယ်...
မင်းတို့အမြင်မှာ ငါပြုံးနေတယ်လေ
ငါ့ရင်မှာ တစစ်စစ်နာကျင်နေတာ
ဘယ်သူမြင်မှာတဲ့..လဲ...။
အက်ရှင်ရှိရင်
ရီအက်ရှင်ရှိတယ်တဲ့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်...။
အမှားအမှန်ရှိသလို
အသွားအပြန်သာ ရှိခဲ့ရင်
ငါ့ရဲ့တစ်ဖက်သတ်ဆိုတဲ့ ဒီအချစ်မှာ
မျက်ရည်ဆိုတာ...
ရှိခဲ့မယ် မထင်ဘူး...။
ငိုပစ်လိုက်စမ်းပါ...
အဲ့ဒီဥပေက္ခာတရားတွေကို ရင်ဆိုင်ဖို့
ငါ့အချစ်တွေ မကုန်ခမ်းသေးဘူး...။
ကဗျာမိုးတိမ်(ရွှေကျင်)
No comments:
Post a Comment