Friday, February 26, 2016
က​ဗျာအ​ဟောင်း​လေးပါ...
           ❀​ဝေးလက်​စနဲ့ ​ဝေးပါ​စေ❀
           ~~~~~~~~~~~~~
👣 ​ဝေး​နေပြီပဲ
      မချစ်​ချင်​​နေပါ​စေ အမုန်းမခံနိုင်​ဘူး
      မင်းနဲ့အ​ဝေးဆုံးဆိုတဲ့ ​နေရာ
      ငါရှာ​ဖွေ​တော့မယ်​...။
💔 စကားလုံး​တွေနဲ့ ငြင်းခုန်​​နေတဲ့ဘဝ
      သံသယဆိုတဲ့ စကား​လေးက
      အကြင်​နာကို ဖျက်​စီးတယ်​ ။
💓 ပျက်​စီးလွယ်​တဲ့
      ဒီ​ခေတ်​ရဲ့ ဒီအချစ်​မှာ
      ခါ​တော်​မီ လွမ်းနိုင်​ဖို့
      အသည်းတစ်​ခြမ်းစာ ​နေရာ​လေး​တောင်
      မချန်​ရစ်​မိ​​လေ​တော့.......။
💘 မင်းအ​ရှေ့ ငါဒူး​ထောက်​​နေတာဟာ
      မင်းကိုအရှုံး​ပေးတာ မထင်​နဲ့
      မင်းကိုချစ်​တဲ့ ငါ့အချစ်​​တွေကို
      ငါရှုံးသွားလို့ .။
💌သံသယ​​စိတ်​​ရေ..
      မင်းကစတဲ့ ငါ့နှလုံးသားရဲ့
      ဒီနှစ်​​ဆောင်းမသိ​အောင်
      တိတ်​တဆိတ်​ ကျင်းပမယ်
      အသည်းကွဲသူတိုင်း ဖိတ်​ခဲ့တယ်
      သံသယစိတ်​နဲ့​တော့ မလာခဲ့နဲ့
      အကြင်​နာ​တွေ ပျက်​စီးလိမ့်​မယ်​။
                      က​ဗျာမိုးတိမ်
No comments:
Post a Comment