Monday, January 25, 2016

မြန်မာ့ရာဇဝင်ထဲမှ သဘောအကျဆုံး  အချစ်စကားလေး(5)ခွန်း 

မန်မာ့ရာဇဝင်ထဲမှ သဘောအကျဆုံး 

အချစ်စကားလေး(5)ခွန်း 

××××××××××××××××××

(၁) "မမြဝင်းရယ်...လှေလံနှစ်ဖက်နင်းမယ် ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ "

ဗိုလ်အောင်ဒင်

(၂) "မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး ။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ...ကြည့်ပါဦး..။ ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ..ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်။ .." ဒသဂီရိ

(၃) " သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်...။ " ပရိက္ခရားမင်းသား

(၄) " သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့်မမြင်နိုင်တဲ့ ဘုရင်တပါးရဲ့ အချစ်နဲ့ မျက်ရည်တွေကို ဟောဟိုက မပြီးသေးတဲ့ ရွှေစည်းခုံ ဘုရားကြီး သက်သေတည်ပြီ... ဆုထားခဲ့ချင်ပါရဲ့..။ နောင်ဘဝ ဆိုတာ ရှိခဲ့ရင်......" အနော်ရထာ

(၅) " ချစ်ခြင်းအတွက် ... သေခြင်းကို ရင်ဆိုင်ရမယ်ပေါ့..။ မအံ့သြပါဘူး...။ အရှင့်သားကို စချစ်မိကတည်းက ခင့်နှလုံးသားရော ဘဝတခုလုံးပါ သေဆုံးခဲ့ ပြီးသားပဲ.."  ဒိုင်းခင်ခင်

Credit Ko zay lin

Credit: မြန်မာအွန်လိုင်းစာအုပ်စင်


Friday, January 22, 2016

ရထားလမ်း​ပေါ် ​လျှောက်​ရင်း ​ရေးလိုက်​တာ ဖတ်​ဖူးတဲ့က​ဗျာအပိုင်းအဆ​လေးကိုသ​ဘောကျလို့ ထည့်​​ရေးထားတာ​လေး​လေ



ဘဝပဲ...
ကြမ်းချင်​လဲကြမ်း
ပမ်းချင်​လဲပမ်းမယ်
ဘဝကြမ်းတိုင်း
စိတ်​ပျက်​ရမှာလား
အခက်​အခဲကြုံတိုင်း
အား​လျော့ရမှာလား

ဘဝပဲ
ခလုတ်​လဲထိ
ဆူးလဲငြိမှ​ပေါ့
ခလုတ်​မထိဆူးမငြိရင်
ဆားမပါတဲ့ ဟင်းပမာ..

ခလုတ်​လဲထိ ဆူးလဲငြိမှ
ဘဝပီသ ​အောင်​ပွဲရလိမ့်
ဒုက္ခဆိုတာ ခရီး​ဖော်​..တဲ့

ကြိုးစားရင်း ရုန်းကန်
ဒုက္ခဆိုတာကို အန်​တု
တွန်းလှန်​မယ်​...

           က​ဗျာမိုးတိမ်


လွမ်း​နေတဲ့​နေ့​လေး​တွေအတွက်

       ချစ်​သူသိပါ​စေ

ညဆိုတာနဲ့ အိပ်​​မသွား
တစ်​ကိုယ်​ရည်​အ​တွေးနဲ့..
ခြောက်​ခြားလို့...

အ​တွေး​တချို့က
ဟို​ရောက်​ ဒီ​ရောက်
တစ်​ခါတစ်​​လေဆို
မျက်​ရည်​တစ်​​ပေါက်​နှစ်​​ပေါက်​ကျတယ်​..

ခဏတာ ​ဝေးရ ​ဆွေးရ ရုံနဲ့
တစ်​ဘဝစာ ကြာသွားသလိုပဲ...

သူလဲလွမ်း ကိုယ်​လဲလွမ်း
ကြာရင်​ အသည်း​တွေကျွမ်းရလိမ့်​မယ်
ကုန်​ဆုံးဖို့ခက်​ခဲတဲ့​နေ့ရက်​​တွေထဲ
လွမ်းရင်းေ​​ဆွးရင်း...
နေတတ်​မသွား​စေဖို့
ချစ်​သူရဲ့မှာစကား.
ရင်​ထဲမှာ..ယ​နေ့ထိကြားတယ်

ချစ်​သူ​ရေ..
တို့​​တွေရဲ့ နားလည်​မှု​လေးမှာ
ဘယ်​​တော့မှ စည်းမခြားဘူး
ဖြစ်​​လေရာဘဝအထိ
ချစ်​​နေမှာ ...ဆိုတာ
ချစ်​သူသိပါ​စေ...

            က​ဗျာမိုးတိမ်

ကိုင်း​ခြောက်​သစ်​ပင်

ငါဘဝက...
တောင်ပံမဲ့ငှက် လေလွင့်ရွက်ပါ
လေအဟုန်မှာ...
အစုန်အဆန် ပျံဝဲချင်ပေမယ့်
တောင်ပံမဲ့နေသလို...
ရော်ရွက်ဝါတွေလို...
လေနဲ့အတူ လွင့်မျောနေတာမို့
တခါတခါတော့...
ငါ့ကိုယ်ငါ စိတ်ဓာတ်ကျ
အားငယ်မိတယ်...
   

Saturday, January 16, 2016

ဘဝမှာ ​ပျော်​ရွှင်​မှု စိတ်​ချမ်းသာမှုကို စတင်​ယူ​ဆောင်​လာ​ပေးတဲ့​နေ့​လေးတစ်​​နေ့ပါ

လရောင်စိမ်းစိမ်း
ကဗျာလိမ်းတဲ့ည
ပင်လယ်လေရိုင်း
ထင်ရာစိုင်းတဲ့ည
အဝေးကမျက်ရည်
တသိမ့်သိမ့် ကြွေတဲ့ည
မပြောမသိပေမယ့်
နားလည်မှု ရှိတဲ့ည။
အဲ့ဒီည
တကိုယ်ရည် အတွေးနဲ့
မိုင်ပေါင်းတွေ ဝေးလည်း
သေလောက်အောင်
ပျော်ခဲ့တယ်။

          အချစ်​ဆုံး​လေးအတွက်
                  က​ဗျာမိုးတိမ်


Posted via Blogaway

ကဗျာလို့တော့ပြောလို့မရဘူး စိတ်ထဲရှိတာလေးချရေးလိုက်တာ..အ​ဟောင်း​လေးပါ


သူက လိမ္မာတယ်
သူက မလိမ္မာဘူး
သူက ယဉ်ကျေးတယ်
သူက ရိုင်းစိုင်းတယ်
ကောင်းတဲ့ လူတွေရှိသလို
မကောင်းတဲ့လူတွေ ရှိတဲ့အရပ်ကို
လူ့ပြည်လို့ခေါ်တယ်။

ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ့်ဘက်က ကောင်းအောင်ကြိုးစားရမယ်။

ကမ္ဘာပေါ်မှာ မိန်းကလေးတိုင်းဟာ
မိခင်မျိုးနွယ်စုတွေချည်းပဲ ။
သူ့အမေ ကိုယ့်အမေ
သူ့နှမ ကိုယ်နှမ
သူသာငါ့အမေ ငါ့အမ
သူသာငါ့နှမ ဆိုတဲ့စိတ်လေးနဲ
ကိုယ်ချင်းစာ တတ်ရင်
ကိုယ်ချင်းစာ နိုင်ခဲ့ရင်
သင်ကိုယ်တိုင်
အနည်းအကျဉ်းတော့
လောကကို အလှဆင်နိုင်ပြီ

                က​ဗျာမိုးတိမ်


Posted via Blogaway

ကဗျာလေးတွေကို ချစ်တတ်တယ် ရေးလဲရေးတယ် တတ်တော့မတတ်ဘူး ဒီညတော့ ကဗျာတွေနဲ့မိုးလင်းမယ်


    💔💔 သခင့်...အတွက်💔💔
✏✏✏✏✏✏✏✏✏✏✏✏

💔 ကြည့်စမ်း...
      သူ့မျက်နှာ ခဏညှိုးတာ
      ငါ့အသည်းတွေ ကွဲအက်လိုနေပါလား
      သြော်...သူဆိုတာ ငါ့အသက်ပဲ
      ကွဲချင်ကွဲ အက်ချင်အက်
      သူ့အပြုံးတစ်ချက်နဲ့ ငါကျေနပ်နိုင်တယ်

💘 နင်ပျော်ဖို့ အတွက်
      ငါအဝေးကနေ ပြုံးပြနေတယ်
      သာယာတဲ့လေညှင်းလေး
      မဆောင်ကျဉ်းရင်နေပါ
      လေစိမ်းတွေ မတိုက်ချင်ပါနဲ့

😪 မိုးမင်းကြီးရယ်
      ခဏလောက်ဖြစ်ဖြစ်
      မိုးတွေရွာသွန်းပေးပါ
      ငါငိုနေတာ သူမမြင်စေချင်ဘူး
      သူရင်နာနေတာ ငါသိတယ်
      ငါ့ရင်ဘက်ကြီး စုတ်ပျက်နေတာ
      သူမမြင်ပါစေနဲ့

👣 သခင်ရယ် မနှင်ပါနဲ့
      ခဏတာ ယုယခွင့်ပြုပါ
      သခင့်ရင်ခွင်ဦးမှာ ခဏတာ
      နေနားပါရစေ

💌 တနင့်တပိုးနဲ့
      ထမ်းပိုးထားတဲ့ ရင်တွင်းစကားတွေ
      သခင် မြင်စေချင်တယ်...📝

                      က​ဗျာမိုးတိမ်
                    9:59PM


Posted via Blogaway

သူငယ်ချင်း....ရေ ဘဝတစ်ဆစ်ချိုးမှာ ပြန်ဆုံခဲ့ရင် သာယာပြည့်စုံတဲ့ဘဝမျိုးနဲ့ မင်းကိုမြင်တွေ့ပါရစေ ...အစစအရာရာ အဆင်ပြေပါစေ...


               သူငယ်ချင်း....ထံ

တွေ့ဆုံကြုံကွဲ ၊ ရှောင်မလွဲနိုင်
တွယ်တာနှောင်ကြိုး ၊ ရစ်ပတ်တိုးလဲ
တစ်ထွာဝမ်းရေး ၊ ကံကြမ္မာပေးလို့
ခွဲရအုံးမယ် ၊ သူငယ်ချင်း...ရေ။

တစ်မိုးအောက်နေ ၊ တစ်ရေတူသောက်
သွေးရင်းညီကို ၊ မခွဲလိုလဲ
ဘဝတာဝန် ၊ တို့..ကျေပွန်ဖို့
တော်ရာဌာန ၊ ပျော်မှရမယ်။

နောက်ဆုံးနှုတ်ဆက်
တစ်စက်မျက်ရည် ၊ ကျစီးနေလဲ
ပုခုံးကိုဖက် ၊ ရင်ချင်းအပ်ကာ
ကျောသပ်နှစ်သိမ့် ၊ အံကိုကြိတ်လို့
နှုတ်ချိုမုသား ၊ တစ်ခွန်းစကားက
" ပြန်ဆုံမှာပါ သူငယ်ချင်းရာ"။

မပြည့်ဆုတောင်း ၊ ဒီအကြောင်းလေး
မင်းလဲသိနေ ၊ ငါသိနေလို့
အပိုစကား ၊ ထင်မသွားနဲ့
ငါ့..မျက်ရည်သာ ၊ မင်းမြင်ပါ..။

            ချစ်​သူငယ်​ချင်း...သို့အလွမ်း​ပြေ
                   က​ဗျာမိုးတိမ်


Posted via Blogaway

ပြင်​ဆင်​ခွင့်​​လေး

👉  ပြင်ဆင်ခွင့်လေးပေးပါ  👈
__________________________

👉 ကမ္ဘာကျော် စစ်ဘုရင်
      နပိုလီယံလိုပဲ
      နေ၀င်ချိန်ကို ကြည့်လို့
      မရနိုင်တော့တဲ့ အချိန်နည်းနည်းကို
      ငါတောင်းတမိတယ်.✏

👉  နှောင်းမှတတဲ့ နောင်တဆိုတာ
       ဂဏန်းတွေရှေ့က သုညလို
       တန်ဖိုးမဲ့လွန်းတယ်.✏

👉  တခါသေဖူး ပျဉ်ဖိုးနားလည်တဲ့
       ခံရသူက ဒီလိုပြောတော့
       အမှားတခုကို အမှန်ပြင်ဖို့
       အခွင့်အရေး မရတဲ့အခါ
       ဘယ်လိုပြောကျ မလဲ.✏

👉  ကံတရားကိုပဲ ပုံချရမှာလား
       ဒီလိုဆို.......
       ကံဆိုတာအလုပ်ဆိုတော့
       လုပ်မိတဲ့ငါပဲ အပြစ်ပေါ့
    { ဟူး..ဘယ်ရှောင်ရှောင်မလွတ်ပါလား}

                        က​ဗျာမိုးတိမ်


Posted via Blogaway

အချစ်​ဆုံးသူငယ်​ချင်းအတွက်


ကျွန်တော့် ခံစားချက်
         ____________________
❆ ဘဝတစ်ကွေ့ ခဏတွေ့ပေမယ့်
       ထာဝရ မမေ့နိုင်ပါဘူး...

❆ အတွေးအခေါ်နဲ့ ဘဝဒဿန
       အမှားအမှန် ဝေဖန်ကျရင်း
    အသစ်အသစ် တွေကို
       ရှာဖွေခဲ့ကြတယ်...

❆ အလင်းအမှောင် ဘဝဘောင်မှာ
        အတ္တနဲ့စိတ္တဇ ပိတ်ဖုံးမြူမှုန်
    လွှမ်းခြုံးဒုက္ခ ဒီကာလမှာ
        တွယ်တာနေရ တမ်းတပူဆွေး
    မမေ့သေးဘူး...

❆ ကဗျာသီကုံး ဒီစာလုံးကို
         မင်းသာတွေ့မြင် ဖတ်ခဲ့ပါလျှင်
    ရီချင်ရီမယ် ငါသိတယ်
         ငိုချင်ငိုမယ် ငါသိတယ်...

❆ ခံစားချက်တွေ ယိုဖိတ်
        တိုးတိတ်ရင်ခုန် မောမောလွမ်း...

                        က​ဗျာမိုးတိမ်


Posted via Blogaway

Thursday, January 14, 2016

ဥယျာဉ်​မှူး​တော့မဟုတ်​ဘူး

ပန်းမချိုးဘူး....
ပန်းမပျိုးဘူး....
ပန်ချင်လို့ ရည်စူး...
ခရေပန်းတော့...
သီဖူးတယ်....
ဒီလိုညည့်နက်နက်တွေ
လွမ်းနေသူတစ်ယောက်
ပန်းခရေတွေ..ကောက်ရင်း
ကြယ်ကြွေတိုင်း ဆုတောင်းမိတာ
ငါသီတဲ့ ပန်းခရေ..
ငါ့ရင်မှာ ..လန်းပါစေ ........လို့

                  
             (ချစ်​သူသို့ အမှတ်​တရ)
                  က​ဗျာမိုးတိမ်

ပြတင်း​ပေါက်​အတုငါမဖွင့်​ဘူး

ငါလျှောက်တဲ့ခြေထောက်
ဦးတည်ချက်ပျောက်လို့
ကွေ့ချင်ကွေ့ ကောက်ချင်ကောက်
နောက်ပြန်တော့ မလျှောက်ဘူး
ငါပြောတဲ့ စကား
မင်းတို့ရဲ့ နားမှာ
ခါးချင်ခါးမယ်
ချိုချင် ချိုမယ်
မင်းတို့နားဝင်ချိုဖို့
မုသားချိုချို လိမ်ညာသုံး
ဟန်ဆောင်တဲ့ အပြုံးနဲ့
ပြတင်းပေါက် အတုတွေ
ငါမဖွင့်ဘူး...

ချစ်​သအတွက်​က​ဗျာ

👉  ပန်းစက္ကူ   👈
``````````````´`
👏👏👏👏👏👏👏

📝  ပန်းနှင်းဆီ
       ရနံ့လှိုင် အသွင်ဆန်း
       ပန်လိုသူ ကမ်းလက်လှမ်း
       ဆူးငယ်ခ သွေးနီကျပြီ...✒
      

📝  နမ်းမ၀ ပန်းလှမို့
        ယုယစွာ ထွေးပွေ့ထား
        မေတ္တာအား ကြီးမားလဲ
       နွမ်းလို့ခြောက် ရနံ့ပျောက်တယ်...✒

📝  မောင့်ဘ၀ ပန်းစက္ကူ
       နမ်းလိုသူ ဆူးမငြိ
       အတ္တမာန် မြူမရှိ
       ထိလိုထိ ကြည့်လိုကြည့်
       ရင်မှာပွေ့ထား မညှိုးသွားဘူး...✒

📝  သူပစ်မှ ခွာ
       သူခြွေမှ ကြွေ
       နေလိုစေ ဘယ်ခါမငြင်း
       မေတ္တာတွင်း နက်ရှိုင်း
       ချစ်သူကို...
       မ ရိုင်း ဘူး ...✒

                         က​ဗျာမိုးတိမ်