ချစ်သူသိပါစေ
ညဆိုတာနဲ့ အိပ်မသွား
တစ်ကိုယ်ရည်အတွေးနဲ့..
ခြောက်ခြားလို့...
အတွေးတချို့က
ဟိုရောက် ဒီရောက်
တစ်ခါတစ်လေဆို
မျက်ရည်တစ်ပေါက်နှစ်ပေါက်ကျတယ်..
ခဏတာ ဝေးရ ဆွေးရ ရုံနဲ့
တစ်ဘဝစာ ကြာသွားသလိုပဲ...
သူလဲလွမ်း ကိုယ်လဲလွမ်း
ကြာရင် အသည်းတွေကျွမ်းရလိမ့်မယ်
ကုန်ဆုံးဖို့ခက်ခဲတဲ့နေ့ရက်တွေထဲ
လွမ်းရင်းဆွေးရင်း...
နေတတ်မသွားစေဖို့
ချစ်သူရဲ့မှာစကား.
ရင်ထဲမှာ..ယနေ့ထိကြားတယ်
ချစ်သူရေ..
တို့တွေရဲ့ နားလည်မှုလေးမှာ
ဘယ်တော့မှ စည်းမခြားဘူး
ဖြစ်လေရာဘဝအထိ
ချစ်နေမှာ ...ဆိုတာ
ချစ်သူသိပါစေ...
ကဗျာမိုးတိမ်
No comments:
Post a Comment