Saturday, January 16, 2016

သူငယ်ချင်း....ရေ ဘဝတစ်ဆစ်ချိုးမှာ ပြန်ဆုံခဲ့ရင် သာယာပြည့်စုံတဲ့ဘဝမျိုးနဲ့ မင်းကိုမြင်တွေ့ပါရစေ ...အစစအရာရာ အဆင်ပြေပါစေ...


               သူငယ်ချင်း....ထံ

တွေ့ဆုံကြုံကွဲ ၊ ရှောင်မလွဲနိုင်
တွယ်တာနှောင်ကြိုး ၊ ရစ်ပတ်တိုးလဲ
တစ်ထွာဝမ်းရေး ၊ ကံကြမ္မာပေးလို့
ခွဲရအုံးမယ် ၊ သူငယ်ချင်း...ရေ။

တစ်မိုးအောက်နေ ၊ တစ်ရေတူသောက်
သွေးရင်းညီကို ၊ မခွဲလိုလဲ
ဘဝတာဝန် ၊ တို့..ကျေပွန်ဖို့
တော်ရာဌာန ၊ ပျော်မှရမယ်။

နောက်ဆုံးနှုတ်ဆက်
တစ်စက်မျက်ရည် ၊ ကျစီးနေလဲ
ပုခုံးကိုဖက် ၊ ရင်ချင်းအပ်ကာ
ကျောသပ်နှစ်သိမ့် ၊ အံကိုကြိတ်လို့
နှုတ်ချိုမုသား ၊ တစ်ခွန်းစကားက
" ပြန်ဆုံမှာပါ သူငယ်ချင်းရာ"။

မပြည့်ဆုတောင်း ၊ ဒီအကြောင်းလေး
မင်းလဲသိနေ ၊ ငါသိနေလို့
အပိုစကား ၊ ထင်မသွားနဲ့
ငါ့..မျက်ရည်သာ ၊ မင်းမြင်ပါ..။

            ချစ်​သူငယ်​ချင်း...သို့အလွမ်း​ပြေ
                   က​ဗျာမိုးတိမ်


Posted via Blogaway

No comments:

Post a Comment