👉 ပန်းစက္ကူ 👈
``````````````´`
👏👏👏👏👏👏👏
📝 ပန်းနှင်းဆီ
ရနံ့လှိုင် အသွင်ဆန်း
ပန်လိုသူ ကမ်းလက်လှမ်း
ဆူးငယ်ခ သွေးနီကျပြီ...✒
📝 နမ်းမ၀ ပန်းလှမို့
ယုယစွာ ထွေးပွေ့ထား
မေတ္တာအား ကြီးမားလဲ
နွမ်းလို့ခြောက် ရနံ့ပျောက်တယ်...✒
📝 မောင့်ဘ၀ ပန်းစက္ကူ
နမ်းလိုသူ ဆူးမငြိ
အတ္တမာန် မြူမရှိ
ထိလိုထိ ကြည့်လိုကြည့်
ရင်မှာပွေ့ထား မညှိုးသွားဘူး...✒
📝 သူပစ်မှ ခွာ
သူခြွေမှ ကြွေ
နေလိုစေ ဘယ်ခါမငြင်း
မေတ္တာတွင်း နက်ရှိုင်း
ချစ်သူကို...
မ ရိုင်း ဘူး ...✒
ကဗျာမိုးတိမ်
No comments:
Post a Comment