Friday, January 22, 2016

ရထားလမ်း​ပေါ် ​လျှောက်​ရင်း ​ရေးလိုက်​တာ ဖတ်​ဖူးတဲ့က​ဗျာအပိုင်းအဆ​လေးကိုသ​ဘောကျလို့ ထည့်​​ရေးထားတာ​လေး​လေ



ဘဝပဲ...
ကြမ်းချင်​လဲကြမ်း
ပမ်းချင်​လဲပမ်းမယ်
ဘဝကြမ်းတိုင်း
စိတ်​ပျက်​ရမှာလား
အခက်​အခဲကြုံတိုင်း
အား​လျော့ရမှာလား

ဘဝပဲ
ခလုတ်​လဲထိ
ဆူးလဲငြိမှ​ပေါ့
ခလုတ်​မထိဆူးမငြိရင်
ဆားမပါတဲ့ ဟင်းပမာ..

ခလုတ်​လဲထိ ဆူးလဲငြိမှ
ဘဝပီသ ​အောင်​ပွဲရလိမ့်
ဒုက္ခဆိုတာ ခရီး​ဖော်​..တဲ့

ကြိုးစားရင်း ရုန်းကန်
ဒုက္ခဆိုတာကို အန်​တု
တွန်းလှန်​မယ်​...

           က​ဗျာမိုးတိမ်


No comments:

Post a Comment