👉 ပြင်ဆင်ခွင့်လေးပေးပါ 👈
__________________________
👉 ကမ္ဘာကျော် စစ်ဘုရင်
နပိုလီယံလိုပဲ
နေ၀င်ချိန်ကို ကြည့်လို့
မရနိုင်တော့တဲ့ အချိန်နည်းနည်းကို
ငါတောင်းတမိတယ်.✏
👉 နှောင်းမှတတဲ့ နောင်တဆိုတာ
ဂဏန်းတွေရှေ့က သုညလို
တန်ဖိုးမဲ့လွန်းတယ်.✏
👉 တခါသေဖူး ပျဉ်ဖိုးနားလည်တဲ့
ခံရသူက ဒီလိုပြောတော့
အမှားတခုကို အမှန်ပြင်ဖို့
အခွင့်အရေး မရတဲ့အခါ
ဘယ်လိုပြောကျ မလဲ.✏
👉 ကံတရားကိုပဲ ပုံချရမှာလား
ဒီလိုဆို.......
ကံဆိုတာအလုပ်ဆိုတော့
လုပ်မိတဲ့ငါပဲ အပြစ်ပေါ့
{ ဟူး..ဘယ်ရှောင်ရှောင်မလွတ်ပါလား}
ကဗျာမိုးတိမ်
Posted via Blogaway
No comments:
Post a Comment