💔💔 သခင့်...အတွက်💔💔
✏✏✏✏✏✏✏✏✏✏✏✏
💔 ကြည့်စမ်း...
သူ့မျက်နှာ ခဏညှိုးတာ
ငါ့အသည်းတွေ ကွဲအက်လိုနေပါလား
သြော်...သူဆိုတာ ငါ့အသက်ပဲ
ကွဲချင်ကွဲ အက်ချင်အက်
သူ့အပြုံးတစ်ချက်နဲ့ ငါကျေနပ်နိုင်တယ်
💘 နင်ပျော်ဖို့ အတွက်
ငါအဝေးကနေ ပြုံးပြနေတယ်
သာယာတဲ့လေညှင်းလေး
မဆောင်ကျဉ်းရင်နေပါ
လေစိမ်းတွေ မတိုက်ချင်ပါနဲ့
😪 မိုးမင်းကြီးရယ်
ခဏလောက်ဖြစ်ဖြစ်
မိုးတွေရွာသွန်းပေးပါ
ငါငိုနေတာ သူမမြင်စေချင်ဘူး
သူရင်နာနေတာ ငါသိတယ်
ငါ့ရင်ဘက်ကြီး စုတ်ပျက်နေတာ
သူမမြင်ပါစေနဲ့
👣 သခင်ရယ် မနှင်ပါနဲ့
ခဏတာ ယုယခွင့်ပြုပါ
သခင့်ရင်ခွင်ဦးမှာ ခဏတာ
နေနားပါရစေ
💌 တနင့်တပိုးနဲ့
ထမ်းပိုးထားတဲ့ ရင်တွင်းစကားတွေ
သခင် မြင်စေချင်တယ်...📝
ကဗျာမိုးတိမ်
9:59PM
Posted via Blogaway
No comments:
Post a Comment