Thursday, January 14, 2016

ပြတင်း​ပေါက်​အတုငါမဖွင့်​ဘူး

ငါလျှောက်တဲ့ခြေထောက်
ဦးတည်ချက်ပျောက်လို့
ကွေ့ချင်ကွေ့ ကောက်ချင်ကောက်
နောက်ပြန်တော့ မလျှောက်ဘူး
ငါပြောတဲ့ စကား
မင်းတို့ရဲ့ နားမှာ
ခါးချင်ခါးမယ်
ချိုချင် ချိုမယ်
မင်းတို့နားဝင်ချိုဖို့
မုသားချိုချို လိမ်ညာသုံး
ဟန်ဆောင်တဲ့ အပြုံးနဲ့
ပြတင်းပေါက် အတုတွေ
ငါမဖွင့်ဘူး...

No comments:

Post a Comment